ls=List current directory (ls က ကိုယ်ရောက်နေတဲ့နေရာသို့မဟုတ် ဖိုတာတစ်ခုရဲ့အထဲမှာဘယ်ဖိုင်တွေရှိတယ်ဘယ်ဖိုတာတွေရှိ တယ်ဆိုတာကို ဖော်ပြမှာဖြစ်ပါတယ်။) cd=change directory (cd /system/app လို့ရိုက်လိုက်ရင် sysem ထဲမှာရှိတဲ့ app folder ထဲကိုရောက်သွားမှာဖြစ်ပါတယ်) rm=remove (rm ဆိုတာကတော့ ဖြတ်တာပါ။ ဖိုင်တွေဖြတ်မယ်ဖိုတာတွေဖြတ်မယ်ပေါ့။ ဥပမာ rm system/app/sample.apk လို့ရိုက်ထည့်လိုက်ရင် system ထဲက app folder ထဲမှာရှိတဲ့ sample.apk ဆိုတဲ့ဖိုင်ကိုဖြတ်လိုက်မှာဖြစ်ပါတယ်) chmod=change mode (File/folder တွေကို permissions ပြောင်းတာပါ။ ဘယ်ဖိုင်က ဘယ် permissions တွေလိုလည်း သေသေချာချာကြည့်ပါ။ rw- rw- rw- ဆိုရင်တော့ User, Group and Other User အကုန်လုံး read/write permissions ရနေပါလိမ့်မယ်။ ) dd=copy a file from one location to another (file တွေကိုတစ်နေရ ကနေတစ်နေရာ ကူးဖို့အတွက်သုံးတာပါ) dd if=/ of=/ =uses an input and an output file ( file တွေကိုတစ်နေရာ ကနေတစ်နေရာ ကူးဖို့အတွက်သုံးတာပါပဲ ဥပမာ /sdcard/sample.apk ကနေ /system/app/sample.apk ကိုသွင်းချင် ရင် ဒီ command ကိုအသုံးပြုနိုင်ပါတယ်) mount -o remount,rw /system ဒီ command ကတော့ ကျွန်တော်တို့ system ထဲက file တွေကို edit လုပ်မဲ့ချိန် ပေးတာပါ ဥပမာ- ကျွန်တော်တို့ မလိုအပ်တဲ့ system app တွေကို ဖြတ်ချင်ရင် ဒီcommand ကိုအရင်ပေးပြီးမှ ဖြတ်လို့ရမှာပါ) su= su ( su ကတော့သိတဲ့ အတိုင်း root ထားတဲ့ ဖုန်းကို Superuser အဖြစ်ပေးတာပါ su ပေးမှ rm,mount -o remount,rw /system စတဲ့ command တွေပေးလို့ရမှာပါ) reboot =reboot devices (ဖုန်းကို reboot လုပ်တဲ့အချိန်မှာ သုံးမှာပါ) အရင်ဆုံး terminal apk ကို Download Terminal apk Down လိုက်ပါ ဖုန်းကလဲ root ထားပြီးဖြစ်နေရပါမယ် Terminal apk ကိုဖွင့်လိုက်ပါ su လို့ရိုက်လိုက်ပါ superuser request တောင်းလာပါလိမ့်မယ် Ok ကိုရွေးပေးလိုက်ပါ
ls လို့ရိုက်လိုက်ပါ
device ထဲမှာရှိတဲ့ folder တွေနဲ့ file တွေကျလာပါလိမ့်မယ်ါ
ls လို့ရိုက်လိုက်ပါ system/app ထဲက system app တွေကို မြင်ရပါလိမ့်မယ် ![]() normal or system app သွင်းနည်း mm font သွင်းနည်း မလိုအပ်တဲ့ apk ကိုဖြတ်နည်းတွေကိုပြောပြပါမယ် normal app သွင်းချင်ရင် မိမိသွင်းချင်တဲ့ apk ကို data/app folder အောက်ကိုထည့်ပေးရမှာပါ မိမိထည့်ချင်တဲ့ apk ကို sdcard ထဲထည့်ထားလိုက်ပါ eq sample.apk terminal မှာအောက်က command တွေကိုရိုက်လိုက်ပါ su mount -o remount,rw /system dd if=/sdcard/sample.apk of=/data/app/sample.apk chmod 777 /data/app/sample.apk reboot ဖုန်းပြန်တတ်ရလာရင် nomal apk အဖြစ်သွင်းပြီးသွားပါလိမ့်မယ် သွင်းထားတဲ့ sample.apk ကို sdcard ထဲ backup ပြန်လိုက်ချင်ရင် အောက်က command တွေကို run ပေးလိုက်ပါဗျာ su mount -o remount,rw /system dd if=/data/app/sample.apk of=/sdcard/sample.apk sample.apk နာမည်နဲ့ sdcard ထဲမှာ backup လုပ်ပေးမှာပါ system app သွင်းချင်ရင် မိမိသွင်းချင်တဲ့ apk ကို system/app folder အောက်ကိုထည့်ပေးရမှာပါ su mount -o remount,rw /system dd if=/sdcard/sample.apk of=/system/app/sample.apk chmod 777 /system/app/sample.apk reboot ဖုန်းပြန်တတ်လာရင် system app အဖြစ်သွင်းပြီးသွားပါလိမ့်မယ် မလိုအပ်တဲ့ system app တွေကိုဖြတ်ချင်ရင် အရင်ဆုံး ls command အသုံးပြုပြီးကြည့်လိုက်ပါ ls /system/app ဥပမာ -ဖြတ်ချင်တဲ့ apk က Email.apk ပေါ့ su mount -o remount,rw /system rm /system/app/Email.apk reboot မှတ်ချက်-app နာမည် အကြီးအသေး မှားလို့မရပါ For 2.3xx DroidSansFallback.tff ဖိုင်ကို sdcard ထဲထည့်ပြီးအောက်က command တွေကို run လိုက်ပါ su mount -o remount,rw /system dd if=/sdcard/DroidSansFallback.ttf of=/system/fonts/DroidSansFallback.ttf chmod 777 /system/fonts/DroidSansFallback.ttf reboot For 4.0 xx Zawgyi.ttf နဲ့ fallback_fonts.xml ကို sdcard ထဲထည့်ထားလိုက်ပါ su mount -o remount,rw /system dd if=/sdcard/Zawgyi.ttf of=/system/fonts/Zawgyi.ttf dd if=/sdcard/့ fallback_fonts.xml of=/system/etc/fallback_fonts.xml chmod 777 /system/fontsZawgyi.ttf chmod 777 /system/etc/fallback_fonts.xml reboot မှတ်ချက်-fallback_fonts.xml ဟာ Zawgyi.ttf ကို assign လုပ်ထားပြီးဖြစ်ရပါမယ် |
5:09 AM
Share:








